တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား
ဆောင်ရွက်နေကြသော ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ဆက်ဆံရေးရုံးအခန်းကဏ္ဍသည်
အရေးကြီးကြောင်း ကရင်ပြည်နယ် ဖားအံမြို့တွင် ယနေ့ စတင်ကျင်းပ သည့်
ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Workshop)တွင်
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက
ပြောကြားလိုက်သည်။
“ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ ဆက်ဆံရေးရုံးက
အရေးကြီးပါတယ်။
ဘာဖြစ်လဲဆိုတော့ ဒီအပစ်အခတ်ရပ်စဲရေး အချိန်အခါမှာ
မဖြစ်သင့်၊ အဖြစ်အပ်တဲ့ ထိတွေ့မှု ဖြစ်လာနိုင်တယ်။ အဲဒီလို ထိတွေ့မှု
ဖြစ်လာမယ်ဆိုရင် ဆက်ဆံရေးရုံးကနေတဆင့် ချက်ချင်းပြဿနာတွေကို ကျနော်တို့က
တွေ့ဆုံဆွေးနွေး ပြီးတော့ ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး
စောမူတူးစေးဖိုးက ထိုအလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင်
ပြောကြားခဲ့သည်။
အဖွဲ့အစည်းအများစုသည် လက်ရှိတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ထားပြီး
ရှေ့ဆက်လုပ်ငန်းတွေ လုပ်ဆောင်နေ ကြကာ ထိုသို့ လုပ်ဆောင်တဲ့နေရာ၌
ရှေ့ဆက်လုပ်ငန်းများနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်သွားရမည်ကို
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုသွားကြရန်လည်း သူက
တိုက်တွန်းခဲ့သည်။
မတ် ၃ ရက်မှ ၅ ရက်နေ့အထိ ပြုလုပ်သွားမည့် ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် KNU
အပါအဝင် ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော်(RCSS/SSA)၊
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော အထူးပုဂ္ဂိုလ်များ
စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး အခြေခံအဆောက်အဦးများ
တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း
ဆက်ဆံရေးရုံးများ၏ အခန်းကဏ္ဍ လေ့လာရေးစာစဉ်ဟူသည့် စာမျက်နှာ ၄၀ ပါရှိသော
စာအုပ်တစ်အုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။
Saturday, March 5, 2016
Popular Posts
-
Bicycles are the basic needs for transportation. However, there are not enough bicycles for 24 students in Wide Horizons School to carry ou...
-
The academic component of Wide Horizons emphasizes three core topic areas: English Language, Community Development, and Computer Skills
-
Visiting to Our Amazing CBOs In WH school, the school uses experiential learning style. It means that we are learning from class and ...
-
http://kicnews.org/2016/02/%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%8...
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်ရောက်ခ...
-
Skymya
-
Mya Win
-
ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ကိစ္စများ
Recent Posts
Categories
- About Me
- Bicycle Project
- Blogger links
- community development
- Computer Classes
- Contact Us
- English Classes
- Essay
- Financial Literacy Training
- girlbathroom project
- Impact
- Magazine
- National Races Channel ဒုညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေအား တွေ့ဆုံမေးမြန်းခြင်း
- Photos
- project
- projects
- Taw Naw High School
- training
- translation and Interpretation
- Video training
Unordered List
Powered by Calendar Labs
Text Widget
Pages
Blog Archive
-
▼
2016
(33)
-
▼
March
(25)
- Photos
- 23 friends blogger links
- Computer Classes
- English classes
- Impact of Alumni
- Taw Naw High School Background
- Bicycle Project Report
- Girl Bathroom Project Report
- ငွေရေးကြေးရေးဆိုင်ရာ သင်တန်းဖြင့် လူထုကို ကူညီခြင်း
- WH ကျောင်းမှ ဓာတ်ပုံရိုက်ကူးခြင်း
- ဒီဇိုင်းပုံရေးဆွဲခြင်းဆိုင်ရာသင်တန်း
- Learning Translation and Interpretation to Help Ou...
- Leaning Exciting from Community Project
- Visiting to Our Amazing CBOs
- National Races Channel ဒုညွှန်ကြားရေးမှူး ဒေါ်သင်းသင်...
- Essay
- ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်ဆံရေးရုံးအခန်းကဏ္ဍ အရေး...
- ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ရန် ဂျပန်နီပွန်ဖောင်...
- Magazine of SkyMya
- Project 3
- Contact Information
- About Me
- Project 2
- Project 1
- About Me
-
▼
March
(25)
Powered by Blogger.
About Me

Image

Photo
flicker photos
Labels
- About Me
- Bicycle Project
- Blogger links
- community development
- Computer Classes
- Contact Us
- English Classes
- Essay
- Financial Literacy Training
- girlbathroom project
- Impact
- Magazine
- National Races Channel ဒုညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေအား တွေ့ဆုံမေးမြန်းခြင်း
- Photos
- project
- projects
- Taw Naw High School
- training
- translation and Interpretation
- Video training
random posts
recent posts
Search This Blog
recent posts
business
social counter
Like us on facebook
sponsor
Komentar
Download
vehicles
health
Paling Dilihat
-
Bicycles are the basic needs for transportation. However, there are not enough bicycles for 24 students in Wide Horizons School to carry ou...
-
The academic component of Wide Horizons emphasizes three core topic areas: English Language, Community Development, and Computer Skills
-
Visiting to Our Amazing CBOs In WH school, the school uses experiential learning style. It means that we are learning from class and ...
-
http://kicnews.org/2016/02/%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%8...
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်ရောက်ခ...
-
Skymya
-
Mya Win
-
ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ကိစ္စများ
0 comments:
Post a Comment