Saturday, March 26, 2016

WH ကျောင်းမှ ဓာတ်ပုံရိုက်ကူးခြင်း

မိမိတို့၏ စိတ်ကူး စိတ်ခံစားမှုဖြင့်ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံသည် လေးနက်သော
အဓိပ္ပါယ်များဖြင့် အရည်သွေးပြည့်မီလှသော ဓာတ်ပုံတစ်ပုံအား မိမိတို့၏ မိတ်ဆွေ

ဆွေမျိုးများ သို့မဟုတ် ပရိတ်သတ် တို့အား ရိုက်ကူးပေးနိုင်ပါသည်။ Child Dream Robys မှ
သင်ကြားသော ဓာတ်ပုံရိုက်ကူးခြင်း သင်တန်းအားWH ကျောင်းသူ၊သားအား သင်ကြားပို့ချခဲ့ပါသည်။
သူမသည် သင်တန်းကာလချိန် (၃) နာရီ အတွင်းဓာတ်ပုံတစ်ပုံသည် တစ်စုံတစ်ခု သို့မဟုတ်
တစ်ဦးတစ်ယောက်၏ စိတ်ခံစားမှုနှင့် အဓိပ္ပါယ်အားမည်မျှ အရေးပါအရာရောက်ကြောင်း ဖော်ပြနိုင်သော
အရာတစ်ခုဖြစ်သည်ကို ရှင်းလင်း သင်ကြားခဲ့ပါသည်။သင်တန်းဆရာမ ရောက်သည်နှင့် ကျွန်တော်တို့၏
သင်တန်းအား စတင်ခဲ့ကြပါသည်။ ထိုမှတဖန်မတူညီသော ရှုထောင့်မှ ဓာတ်ပုံရိုက်ကူးခြင်းနှင့်
ပတ်သက်၍ သင်တန်းဆရာမ မှ ရှင်းလင်းသင်ကြားခဲ့ပါသည်။ လူတစ်ဦး၏ စိတ်ခံစားမှုနှင့်
စိတ်ဝင်စားမှုပေါ်မူတည်၍ အဓိပ္ပါယ် ပြည့်ဝသောဓာ တ်ပုံတစ်ပုံဖ န်တီး ရိုက်ကူး ပုံအားသင်တန်းဆရာ
မမှလေ့ကျင့်သင်ကြားခဲ့ပါသည်။ထို့အပြင်မတူကွဲပြားေ သာ ဓာ တ်ပုံမှသီြး ခားေ သာ အ ဓိပ ၸါ ယ္ေ ဖာ္ေ
ဆာ င်ပုံများ ကိုလ ည်းေ လ့လာ သ င်ယူခဲ့ရ ပါ သ ည်။ထို့ကြောင့် ဓာတ်ပုံတစ်ပုံသည် လူတစ်ဦး၏
အတွေးအမြင်အား ပြောင်းလဲနိုင်သလိုအဓိပ္ပာယ်ပြည့်စုံလှသော ပန်းချီကားချပ်သဖွယ်
ရသပေးစွမ်းနိုင်သည်ကို သိရှိခဲ့ရပါသည်။ ထိုမျှသာမကသင်တန်းဆရာမမှ အခြေခံဓာတ်ပုံရိုက်ကူးခြင်း
နည်းလမ်းများအား လိုက်နာခြင်းဖြင့် ပရိတ်သတ်၏စိတ်အာရုံအား ဧကန်မုချ ဖမ်းစားနိုင်ကြောင်း
ထပ်မံ၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ဒုတိယ အနေဖြင့် ကျောင်းသား ကျောင်းသူ
များအား အဖွဲ့ (၄) ဖွဲ့ ခွဲ၍ မိမိကိုယ်တိုင် အရည်အသွေးပြည့်မီသော ဓာတ်ပုံများအား ပရိတ်သတ်အတွက်
ရိုက်ကူး ခဲ့သည်။ ရှေ့ဆက်ပြီးနောက်ကျောင်းသားကျောင်းသူများ အချင်းချင်းလိုအပ်သည် များအား ဝေဖန် အကြံပြု ချက်များလက်တွေ့ကျကျ နေလိုက်ပါWH ကျောင်းမှ ဓာတ်ပုံရိုက်ကူးခြင်းပေးအပ်ကာ အရည်အသွေး ပြည့်မီသော ဓာတ်ပုံများအား ဆက်လက်ရိုက်ကူးခဲ့သည်။ ကျောင်းသား ကျောင်းသူများ မနက်(၁၁) နာရီတွင် အတူတကွစုရုံးခဲ့ကြကာ ကျောင်းစာသင်ခန်းတွင် မိမိတို့ ရိုက်ကူးခဲ့ကြသော ဓာတ်ပုံများအားပြသခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာမမှ အကောင်းဆုံးသော ဓာတ်ပုံ (၅)
ပုံအား ကျောင်းသား ကျောင်းသူများကို ရွေးချယ်စေခဲ့သည်။ ၄င်းဓါတ်ပုံ (၅)
ပုံအနက်မှ အကောင်းဆုံး ဓာတ်ပုံတစ်ပုံအား ထပ်မံ၍ ရွေးချယ်စေခဲ့ပါသည်။
ကျောင်းသား ကျောင်းသူ များမှ ရွေးချယ်ခံရသော ဓာတ်ပုံတစ်ပုံအား မည်သည့်အတွက်ကြောင့် စိတ်ဝင်စားခြင်းခံရကာ ရွေးချယ်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါသည်။အချုပ်အားဖြင့် ယခု ဓာတ်ပုံရိုက်ကူးခြင်း သင်တန်းမှ မိမိတို့၏အဖွဲ့အစည်းအား ပတ်ဝန်းကျင် လူထုအသိုင်းအ၀ိုင်းကို မည်ကဲ့သို့
သတင်းအချက်အလက်နှင့် အသိပညာ ပေးနိုင်ကြောင်း အထောက်အကူပြုလှပါသည်။ ထိုမျှသာမက ကျွန်တော်တို့၏ အရည်အသွေးပြည့်မီလှသောဓာတ်ပုံတစ်ပုံအား ရိုက်ကူးရေး အရည်အချင်းတွင်လည်း
၎င်းဓာတ်ပုံရိုက်ကူးခြင်း သင်တန်းသည် အကူအညီ ပေးစွမ်းနိုင်လှပါသည်။
စာရေးသူ - ဂျွန်
Share:

Related Posts:

0 comments:

Post a Comment