“ကျနော် ရည်မှန်းထားတာက ကရင်လူငယ်လေးတွေကို နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့
လူငယ်ပညာတတ်လေးတွေ ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် ကျနော့်အနေနဲ့
ပညာသင်ကြားပို့ချတဲ့နေရာမှာ ဘာသာရေးဘက်ကပဲဖြစ်ဖြစ်၊ ပညာရေးဘက်ကပဲဖြစ်ဖြစ်
လူငယ် တွေကို နိုင်ငံတကာအဆင့်မှီ ဖြစ်စေချင်တယ်။ အဲ့ဒီနည်းနဲ့ သူတို့
ပညာတတ်တွေဖြစ်လာပြီးရင် လူမျိုးရေးကိုပိုပြီး ကူညီနိုင်မယ်” ဆိုပြီး
ပြောပြသူကတော့ အသက် (၂၅)နှစ်အရွယ် ကရင်လူငယ် စောမူဒါးလဲပွယ်ပဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ နေရောင်ခံကျေးရွာကနေ
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အကြီးဆုံး ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့
မယ်လဒုက္ခသည်စခန်းကို စောမူဒါးလဲပွယ်တစ်ယောက် တစ်စုံတစ်ရာသော
မျှော်လင့်ချက်၊ ရည်မှန်းချက်နဲ့ ရောက်ရှိလာခဲ့ပါ တယ်။ သူဟာ ခရစ်ယာန်
ဓမ္မဆရာ ဒေါက်တာဖိုးနှင့် နော်စီတင်ရဲ့ သားသမီး (၆)ဦးထဲက
အငယ်ဆုံးသားဖြစ်ပြီး ပညာရေးကို ဦးစားပေးသူ၊ ဘာသာတရားကို စိတ်ဝင်စားသူ
ဖြစ်ပါတယ်။ မြန်မာပြည်မှာနေစဉ် ဖျာပုံမြို့ကနေ နဝမတန်း အောင်မြင်ခဲ့ပြီး
ဆယ်တန်း(ဒဿမတန်း)ကို ၂၀၀၇-၂၀၀၈ခုနှစ်က မယ်လဒုက္ခသည်စခန်းမှာ ဆက်လက်သင်ယူ
အောင်မြင်ခဲ့ပါတယ်။
အဲဒီကမှတစ်ဆင့် သူ အလွန် စိတ်ဝင်စားတဲ့ ဘာသာရေးကနေ
ကော်သူလေကျမ်းစာကျောင်းဖြစ်တဲ့ KKBSC ကို ဆက်လက် တက်ရောက်ကာ Baptist
Bachelor of Theology ဘွဲ့ကို ရယူခဲ့ပါတယ်။ စောမူဒါးလဲပွယ်အနေနဲ့
ရောက်နေတဲ့နေရာမှာပဲ ရပ်မ နေဘဲ သူ ယုံကြည်ရာ သူ့ရည်မှန်းချက်တွေ
အောင်မြင်ဖို့ ခေါင်းဆောင်ဆရာတွေရဲ့အားပေးထောက်ခံမှုနဲ့ ဖိလစ်ပိုင်နိုင်ငံ၊
ဘာဂီး ယိုး(Baguio )မြို့က Baptist Theological Seminary ကျောင်းမှာ
မာစတာဘွဲ့အတွက် သွားရောက်လေ့လာ သင်ယူခဲ့ပါတယ်။
၂၀၁၃ခုနှစ်ကစပြီး ဖိလစ်ပိုင်နိုင်ငံကို ထွက်သွားခဲ့ပေမဲ့ ကျောင်းကို
တက်ရောက်နိုင်ဖို့ သူ ကြိုးစားအားထုတ်ခဲ့ရပုံနဲ့ ကြုံတွေ့ခဲ့ရ တဲ့
အခက်အခဲကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ဆီက ပညာရေးအဆင့်က အသင့်အတင့်ပဲရှိတယ်ဆိုတော့ ကျနော်
အောင်မြင်ခဲ့တဲ့ကျောင်းတွေကို သူတို့က အပြည့် အဝ အသိအမှတ်မပြုခဲ့ဘူ။
သူတို့ဆီမှာ သွားတက်တဲ့အခါ ကျနော် သူတို့ကို လိုက်လို့ သိပ်မမှီချင်ဘူး။
သူတို့ဆီမှာဆို အသက် (၅)နှစ်သားဆိုရင်ပဲ အင်္ဂလိပ်ကို ကောင်းကောင်း
ပြောနိုင်ဆိုနိုင်ပြီး လမ်းဘေးဈေးသည်တွေကအစပဲ။ ဒါနဲ့ ပထမနှစ်မှာ ကော လိပ်
တနှစ်တက်ခဲ့ရပြီးတော့ အင်္ဂလိပ်စာကို အားကုန်ကြိုးစား လေ့လာသင်ယူခဲ့ရတယ်။”
ကောလိပ်ကို တနှစ်တက်ရောက်အပြီးမှာတော့ စောမူဒါးလဲပွယ်တစ်ယောက် Baptist
Theological Seminary ကျောင်းကို ဆက်သင်ယူခဲ့ပြီး ၂၀၁၅ခုနှစ်မှာ Master of
Divinity ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် စောမူဒါးအနေနဲ့ ဒေါက်တာဘွဲ့ကို
ရအောင် ဆက်သင်ယူသွားမှာဖြစ်သလို သူ့အနေနဲ့ လူငယ်တွေအပေါ်ရည်မှန်းချက်ထားသလို
လူငယ်တွေကို အကြံပြု တိုက်တွန်း အားပေးစကား ပါးလိုက်ပါသေးတယ်။
“လူငယ်တွေ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်လိုအခြေအနေမှာပဲရောက်ရောက်
အရမ်းကြိုးစားစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးနဲ့
လုပ်ဆောင်ကြပါလို့ ပြောချင်တယ်။ တစ်နေ့ကျရင် ကိုယ့်ပြည်နယ်ကို
ရတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့အခါပဲဖြစ်ဖြစ် လူငယ်တွေက
အရမ်းအရေးကြီးပါတယ်။ အရေးကြီးတဲ့အချိန်တွေမှာ လူကြီးတွေနဲ့ ပါဝင်
ပြီးတော့မှ တာဝန်ယူရမှာဖြစ်တယ်။”
facebookhttps://www.facebook.com/
Saturday, February 27, 2016
Popular Posts
-
Bicycles are the basic needs for transportation. However, there are not enough bicycles for 24 students in Wide Horizons School to carry ou...
-
The academic component of Wide Horizons emphasizes three core topic areas: English Language, Community Development, and Computer Skills
-
Visiting to Our Amazing CBOs In WH school, the school uses experiential learning style. It means that we are learning from class and ...
-
http://kicnews.org/2016/02/%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%8...
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်ရောက်ခ...
-
PHONE E-mail
-
Skymya
-
Mya Win
-
Learning Translation and Interpretation to Help Our Community Every year, Wide Horizons (WH) School has many vocational trainings s...
Recent Posts
Categories
- About Me
- Bicycle Project
- Blogger links
- community development
- Computer Classes
- Contact Us
- English Classes
- Essay
- Financial Literacy Training
- girlbathroom project
- Impact
- Magazine
- National Races Channel ဒုညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေအား တွေ့ဆုံမေးမြန်းခြင်း
- Photos
- project
- projects
- Taw Naw High School
- training
- translation and Interpretation
- Video training
Unordered List
Powered by Calendar Labs
Text Widget
Pages
Blog Archive
-
▼
2016
(33)
-
▼
February
(8)
- ပေါင်းစည်းရေးအတွက် ကရင်နိုင်ငံရေးပါတီ ၅ခု ဆွေးနွေး...
- အာဘော်ဆောင်းပါး
- ကျောက်ဘီလူးရွာ မူလတန်းကျောင်း စာသင်ခန်းနှင့် သင်ထေ...
- ပေါင်းစည်းရေးအတွက် ကရင်နိုင်ငံရေးပါတီများ မူဝါဒပို...
- “ကရင်လူငယ်လေးတွေကို နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ လူငယ...
- “မေတ္တာ”ကို လူမျိုးပေါင်းစုံ ပြည်သူလူထုအင်အားနဲ့ ပေ...
- ဒုက္ခသည်အ၀န်းအ၀ိုင်းများ
- NCA ပါ စည်းကမ်းချက်အချို့ကို အစိုးရနှင့် တိုင်းရင်...
-
▼
February
(8)
Powered by Blogger.
About Me

Image

Photo
flicker photos
Labels
- About Me
- Bicycle Project
- Blogger links
- community development
- Computer Classes
- Contact Us
- English Classes
- Essay
- Financial Literacy Training
- girlbathroom project
- Impact
- Magazine
- National Races Channel ဒုညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေအား တွေ့ဆုံမေးမြန်းခြင်း
- Photos
- project
- projects
- Taw Naw High School
- training
- translation and Interpretation
- Video training
random posts
recent posts
Search This Blog
recent posts
business
social counter
Like us on facebook
sponsor
Komentar
Download
vehicles
health
Paling Dilihat
-
Bicycles are the basic needs for transportation. However, there are not enough bicycles for 24 students in Wide Horizons School to carry ou...
-
The academic component of Wide Horizons emphasizes three core topic areas: English Language, Community Development, and Computer Skills
-
Visiting to Our Amazing CBOs In WH school, the school uses experiential learning style. It means that we are learning from class and ...
-
http://kicnews.org/2016/02/%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%8...
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်ရောက်ခ...
-
PHONE E-mail
-
Skymya
-
Mya Win
-
Learning Translation and Interpretation to Help Our Community Every year, Wide Horizons (WH) School has many vocational trainings s...
0 comments:
Post a Comment